ဧရာဝတီတိုင်းဒေသကြီး၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မှ ဆေးရုံအုပ်နှင့် ဆရာမ အဖွဲ့ဝင် (၇) ဦးတို့သည် (၁၇-၈-၂၀၂၄) ရက်နေ့၊ စနေနေ့တွင် ပုသိမ်မြို့၊ပန်းတင်ကုန်း၊ အမှတ် (၅) ရပ်ကွက် ရှိ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းရုံးသို့ ကွင်းဆင်းဆေးကုသပေးခဲ့ရာ ကျား (၂၇) ဦး၊ မ (၈၆) ဦး၊ စုစုပေါင်း (၁၁၃) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။