တနင်္သာရီတိုင်းဒေသကြီး၊ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ မြိတ်ခရိုင်တိုင်းရင်းဆေးကုဌာနမှ (၁၅-၈-၂၀၂၄) ရက်နေ့တွင် မြိတ်ခရိုင်တိုင်းရင်းဆေးမှူး ဆရာမဒေါ်ဝါဝါနှင့် (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆရာမဒေါ်ခင်မာကြူ တို့သည် မြိတ် ဘိုးဘွားရိပ်သာမှ အဘိုး (၉) ဦး၊ အဘွား (၃)ဦး၊ စုစုပေါင်း(၁၂)ဦးအား တိုင်းရင်းဆေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေး ကုသမှုများဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။