မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ် သည့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် မလှိုင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၂-၈-၂၀၂၄ ရက်နေ့တွင် ဒေါ်သောင်းသောင်းဝေက ဟောပြောခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ စုစုပေါင်း (၆၀)ဦး တက်ရောက် ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။