ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စိုးစိုးဦး တို့ပါဝင်သော ကွင်းဆင်း ဆေးကုသရေးအဖွဲ့သည် (၁-၈-၂၀၂၄) ရက်နေ့၊ နံနက် (၉:၀၀) မှစ၍ အလုံမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူ (၁၃၀) ဦး အား “မိုးရာသီတွင် ဖြစ်ပွားတတ်သော အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများ အကြောင်း” ကို မြို့နယ်တိုင်းရင်းဆေးမှူးမှ ပညာပေးဟောပြောခြင်း၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား / ကျောင်းသူ (၅၂) ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ပြီး နံနက်(၁၁:၀၀) နာရီတွင် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



