၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်၊ နေ့လယ်(၂:၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနား ကိုကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဆရာကြီး ဦးသန်းညွန့် က ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည် တော်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မြသက်နွယ်နှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မြသင်းကြူ တို့က ဆောင်ရွက်ခဲ့ ပါသည်။
အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ စာတမ်းရှင် တိုင်းရင်း ဆေးမှူး ဒေါ်အေးအေးမွန် က “အဆစ်ရောင်ရောဂါ”ကို ကာကွယ်ကုသခြင်းအား ဖတ်ကြားတင်ပြ ဆွေးနွေး ပြီး၊ ဆရာကြီးဦးသန်းညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး(၃)ဦး၊ နေပြည်တော်တိုင်းဒေသကြီးဦးစီးဌာနမှူးရုံးမှ ဒုတိယတိုင်းဦးစီးဌာန မှူး(၁)ဦး နှင့် ဦးစီးအရာရှိ(၂)ဦး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချိုနှင့် ဆရာ/ဆရာမများ၊ အလုပ်သင်ဆရာ/ ဆရာမများ(၃၂)ဦး စုစုပေါင်း(၃၉)ဦး တက်ရောက်ကာ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။
စာတမ်းတင်ပြဆွေးနွေးပေးပါသောစာတမ်းရှင်အား “ဂရိတ်ဝေါ” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီးဦးမောင်မောင်ဦးက ချီးမြှင့်သောချီးမြှင့်ငွေကျပ် (၁)သိန်းတိတိကို ဆရာကြီး ဦးမောင်မောင်ဦး ကိုယ်စား သဘာပတိ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဆရာကြီး ဦးသန်းညွန့် က ဆုချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆေးရုံးအုပ်ကြီးဒေါ်မူမူချိုမှ ဦးဆောင်ပြီး “ဂရိတ်ဝေါ” တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီးဦးမောင်မောင်ဦး က ပံ့ပိုးကူညီကာ အခမ်းအနားကို ညနေ(၄:၃၀)နာရီ တွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။