the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ပေါင်းစပ်မှု့ဖြင့် လှည်းကူးမြို့နယ် ဆေးရုံတွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ပေါင်းစပ်မှု့ဖြင့် လှည်းကူးမြို့နယ် ဆေးရုံတွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့ မြို့နယ်တိုင်းရင်းဆေး ကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့သည် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်​ရေးအသင်းတို့နှင့် ပူးပေါင်း၍ (၂၄.၇.၂၀၂၄)ရက်နေ့နံနက်(၉)နာရီမှနေ့(၁၂)နာရီအထိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှူပေးခဲ့ရာ ကျား(၃)ဦး၊ မ(၄၅)ဦး စုစုပေါင်း(၄၈) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း