၁။ အိန္ဒိယနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် “International Conference on Medicinal Plants Research and Tribal Health Medicine (Herbal Meet-2024) (ONLINE) သို့ ညွှန်ကြားရေးမှူး ဆေးဝါး/ဥယျာဉ်)မှ Invited Speaker အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
၂။ အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ Lucknow မြို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက် နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် 3rd edition International Arogya 2024 တတိယအကြိမ်မြောက် နိုင်ငံတကာ တိုင်းရင်းဆေးညီလာခံသို့ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာသိန်းဇော်လင်း ဦးဆောင်သည့် ကိုယ်စားလှယ် (၅) ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
၃။ Meeting of the Expert Group to Conduct a Systematic Review of Research on Traditional Medicine used on Covid-19 and Diabetes သို့ Virtual စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ကိုယ်စားလှယ် (၆) ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
၄။ တူရကီနိုင်ငံ၊ Istanbul မြို့၌ The 15th Annual IRCH Meeting အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့မှ (၁၉) ရက်နေ့အထိ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး သို့ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစုစုဒွေးနှင့် ညွှန်ကြားရေးမှူး (ဆေးဝါး/ဥယျာဉ်)တို့ Online မှတဆင့် တက်ရောက်ခဲ့ပါသည်။
၅။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့မှ (၁၃) ရက်နေ့ အထိ Video Conferencing စနစ်ဖြင့်ပြုလုပ်သော 35th ASEAN Traditional Medicines and Health Supplements Product Working Group (TMHSPWG) Meeting and Its Related Events” သို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ကိုယ်စားလှယ် (၁၁) ဦးတို့ တက်ရောက်ခဲ့ပါသည်။
၆။ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့် “The 11th Meeting on Indigenous Medicine in the Greater Mekong Basin” (၁၁) ကြိမ်မြောက် တိုင်းရင်းဆေးဝါးများဆိုင်ရာ မဟာမဲခေါင်ဒေသ တွင်းနိုင်ငံများ အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစုစုဒွေး ဦးဆောင်သည့် ကိုယ်စားလှယ် (၈) ဦးတို့ တက်ရောက်ခဲ့ပါသည်။
၇။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Yunnan University of Chinese Medicine နှင့် တိုင်းရင်းဆေး တက္ကသိုလ်တို့အကြား ကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၀) ရက်မှ (၂၅) ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Yunnan University of Chinese Medicine သို့ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ စုစုပေါင်း ကိုယ်စားလှယ် (၄) ဦးတို့ တက်ရောက်ခဲ့ပါသည်။
၈။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကန်းကျန်းခရိုင်နှင့် ကျန်ရှီးပြည်နယ်၊ နန်းချန်းမြို့တို့တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်မှ (၂၈) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် 2024 SCO Forum on Traditional Medicine သို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်၍ တိုင်းရင်ဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စီမံခန့်ခွဲရေး) တို့ တက်ရောက်ခဲ့ပါသည်။