ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှု ဖြင့် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၂-၇-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးသည် အလုံမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၃၀) ဦးအား တိုင်းရင်းဆေးပညာ ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး "ရာသီတုပ်ကွေးရောဂါ တိုင်းရင်းဆေးဖြင့်ကာကွယ်ပါ" ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူ ကျောင်းသား/ ကျောင်းသူ (၁၆၁) ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။