the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ (၂၂-၇-၂၀၂၄) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့် ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်ချောစုဝင်း၊ အလုပ်သင် ဆရာ မောင်မင်းသူဟိန်းနှင့် အကြီးတန်းလက်နှိပ်စက် ဒေါ်နီနီအောင် တို့အဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ် အောင်မြေသုခဘုန်းတော်ကြီးကျောင်းသို့ အခမဲ့ကွင်းဆင်းဆေး ကုသမှု ဆောင်ရွက်ပေးခဲ့ရာ လူနာ (၁၆၀) ဦး အား ဆေးကုသပေးခဲ့ပြီး ဒက်နှင့်ပွေးဝဲယားနာ လူနာများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့်မှ သွေးလွန်တုပ်ကွေးရောဂါနှင့် ကာကွယ်နှိမ်နင်း ရေးနည်းလမ်းများ၊ သွေးလွန်တုပ်ကွေးရောဂါသည်သတိလစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရသဖြင့် သွေးလွန်တုပ်ကွေးဟု သံသယရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသသင့်​ကြောင်း ဟောပြောခဲ့၍ ဟောပြောပွဲတက်ရောက်သူဦးရေ (၉၀) ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ