ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏ ၁၈-၇-၂၀၂၄ ရက်နေ့တွင် လမ်းညွှန်ချက်ဖြင့် ဇီးကုန်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့နှင့် ပူးပေါင်း၍ ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဦးအောင်ညို၊ မြို့နယ်တိုင်းရင်းဆေးမှူး ဦးဆောင်မှုနှင့် ဂွေးပင်ကုန်း (အ.ထ.က) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးအား ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများ ဟောပြောပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။