ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၇.၇.၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင် ဦးဆောင်၍ အ.လ.ကမြို့မကျောင်းတွင် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောဆောင်ရွက်ရာတွင် ကျား ၂၅ ဦး မ ၃၅ ဦး စုစုပေါင်း ၆၀ ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု့များဆောင်ရွက်ခဲ့ပြီး ပြင်းထန်သော ဝမ်းလျော ဝမ်းပျက်ရောဂါအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သည့် ဦးရေ(၉၀)ဦးတို့အား ကျန်းမာရေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။