တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုး ဦးဆောင်သော အဖွဲ့သည် ဗိုလ်တထောင်မြို့နယ်၊ ၄၈လမ်း၊ အလက (၁) ကျောင်းတွင် ခရိုင်အမျိုးသမီး ရေးရာဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာ ရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာကွယ် ရေးဦးစီးဌာနတို့နှင့်ပူပေါင်း၍ (၁၇-၇-၂၀၂၄)ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၃၀)အချိန်တွင် ကျောင်းသား (၄၀) ဦး ၊ ကျောင်းသူ (၄၅) ဦး၊ စုစုပေါင်း (၈၅)ဦး အား “ပြင်းထန်ဝမ်း ပျက်ဝမ်းလျောရောဂါနှင့်တစ်ကိုယ်ရည်သန့်ရှင်းမှုအကြောင်း” ကျန်းမာရေး အသိပေးဟောပြော ခဲ့ပြီး ကျောင်းသား (၃၁) ဦး၊ ကျောင်းသူ (၃၄) ဦး၊ စုစုပေါင်း (၆၅) ဦးတို့ အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေး၍ အလက(၁)ကျောင်းအုပ် ဒေါ်စိန်မမ အား တိုင်းရင်း ဆေးဝါးများ လှူဒါန်းမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။