ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၂-၇-၂၀၂၄) ရက်နေ့တွင် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ကျား ၃၇ ဦး၊ မ ၃၃ ဦး၊ ပေါင်း ၇၀ ဦး ကို ကျန်းမာရေးစောင့်ရှောက် မှုပေးခဲ့ပြီး လူဦးရေ ၁၉၀ ဦး အား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။