the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးတိုင်းရင်းဆေးခန်းနှင့် တောင်ပိုင်းခရိုင် ကွမ်းခြံကုန်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးတိုင်းရင်းဆေးခန်းနှင့် တောင်ပိုင်းခရိုင် ကွမ်းခြံကုန်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၂-၇-၂၀၂၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး တိုင်းရင်းဆေးခန်းသို့ လာရောက်ကုသမှုခံယူ နေကြသောလူနာများအား လတ်တလော ဖြစ်ပွားနေသော “ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ” အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ရောဂါမဖြစ်အောင် ရှောင်ရန်/ဆောင်ရန်တို့အပြင် ရောဂါဖြစ်ပွားလာလျှင် နီးစပ်ရာ ကျန်းမာရေး ဌာန၊ ဆေးရုံသို့သွား ရောက်ပြီးဆေးကုသမှုခံကြရန် အသိပညာပေးခဲ့ပြီး ရာသီအကူး အပြောင်း တွင်ဖြစ်တက်သော တုပ်ကွေးရောဂါ၊ အဖျားရောဂါတို့အတွက် ထိရောက်သော ဝိသမအဖျား ပျောက်ဆေးအကြောင်း လည်းအသိပညာပေးဟောပြောခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ  (၁၂-‌၇-၂၀၂၄) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုး နှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍ အမက (သီရိမင်္ဂလာ) စာသင်ကျောင်းတွင် ကျောင်း ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခဲ့ရာ (၁၄၄) ဦး တို့အား “သွေးလွန်တုပ် ကွေးရောဂါနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျော​ရောဂါ”အကြောင်းကို အသိပညာပေးဟောပြော ခဲ့ပြီး ကျား ကလေး  (၅၅)ဦး၊ မ ကလေး (၆၇)ဦး၊ စုစုပေါင်း (၁၂၂)ဦး တို့အား တိုင်းရင်း ဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း