ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ဥက္ကံမြို့ (တိုက်ကြီး) မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၂-၇-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူးဦးစောမင်းထွန်းသည် ဥက္ကံမြို့ဦးမောင်ရုံး ဒေါ်ရင်ဘိုးဘွားရိပ်သာ တွင် ကျား လူကြီး (၁၀) ဦး ၊ မ လူကြီး (၁၂) ဦး၊ စုစုပေါင်း (၂၂) ဦး တို့ အား “မိုးရာသီ၌ဖြစ်ပွားတက်သော ဝမ်းလျှောဝမ်းပျက်ရောဂါအကြောင်း” ဟောပြောပြီး ကွင်းဆင်း ဆေးကုသမှုများဆောင်ရွက်ပေးခဲကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။