ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင်ပန်းတောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၂-၇-၂၀၂၄)ရက်နေ့တွင် မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ခင်လှတိုးသည် မိုးကုတ်ရိပ်သာသို့ တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေး ကုသမှု ဆောင်ရွက်ပေးခဲ့ရာ ကျား(၂)ဦး၊ မ (၈) ဦး လူနာ စုစုပေါင်း (၁၀) ဦး တို့ အား ကွင်းဆင်း ဆေး ကုသပေးမှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။