ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင် ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ၂၅-ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် ခရိုင်ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လွိုင်လင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ (၉-၇-၂၀၂၄) ရက်နေ့မှ (၁၁-၇-၂၀၂၄) ရက်နေ့အထိ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ၉-၇-၂၀၂၄ ရက် နေ့လည်(၁)နာရီအချိန် မှစ၍ လွိုင်လင်မြို့ ၊ အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၁) ခန်းမတွင် ကျောင်းသား/ ကျေင်းသူ (၁၂၀)ဦးတို့အား တိုင်းရင်းဆေးရုံအုပ် ဒေါ်ဥမ္မာအေးမှ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပါတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် လိုက်နာရန်အချက်များ ဟောပြောပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။