ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် ၁၆ ခုတင်ဆံ့တိုင်းရင်းဆေးရုံ ဖြူးမြို့မှ ၁၁.၇.၂၀၂၄ ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီနှင့် ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်ဇင်မင်းထွန်းတို့သည် ဖြူးမြို့စည်ပင်ခန်းမတွင် မိုးရာသီတွင်ဖြစ်ပွားမှု့များသော ဝမ်းပျက် ဝမ်းလျှော ဝမ်းကိုက်ရောဂါများကိုသက်သာစေသော တိုင်းရင်းဆေးဘက်ဝင်အပင်များအကြောင်း ဟောပြောခဲ့ပြီး တက်ရောက်သူ ၅၀ ဦး ရှိကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။