ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၀-၇-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်း ဦးဆောင်သော ကွင်းဆင်း အဖွဲ့သည် အုတ်ဖိုစုရပ်ကွက်၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ အဖွဲ့ခွဲအမှတ် (၁၂၆) တွင် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ပြီး ဒူးနာ၊ ခါးနာ၊ သွေးတိုး၊ ချောင်းဆိုး၊ အစာမကြေ၊ အကြောတက်၊ အရေပြားရောဂါတို့အား ဆေးကုသပေးခဲ့ရာ ကျား (၁၅) ဦး၊ မ (၃၅) ဦး လူနာစုစုပေါင်း (၅၀) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။