ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် ၁၀-၇-၂၀၂၄နေ့တွင် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်နွယ်ဝင်း၊ ရုံးအကူဦး စောနိုင်ဝင်းထွေး၊ မြိုနယ်တိုင်းရင်းဆေးဆရာအသင်းခွဲမှ ဒေါ်တင်မင်းချိုတို့ ပူပေါင်းပြီး အောင်ချမ်းသာဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့မိုးရာသီတွင် ဖြစ်တတ်သော သွေးလွန်တုတ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါတို့ကို ဟောပြောပြီး တက်ရောက်လာသော ကျောင်းသူ၊ကျောင်းသားများကို မေးခွန်းများမေးပြီး ဆုများပြန်လည်ဂုဏ်ပြုခဲ့ပါသည်။ ဟောပြောပွဲတွင် ကျား(၉၀)ဦး၊ မ(၁၂၀)ဦး၊ စုစုပေါင်း (၂၁၀)ဦး တက်ရောက်ခဲ့ပါပြီး ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ခဲ့ရာ ကျား(၄၀) ဦး၊ မ(.၅၀)ဦး စုစု၊ပေါင်း (၉၀)ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။