ကရင်ပြည်နယ် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၈-၇-၂၀၂၄ ရက်နေ့တွင် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဌေးဌေးနွယ်က အ.မ.ကမူလွန်(၄) အမှတ်(၄)ရပ်ကွက် ဘားအံမြို့၌ ကျောင်းကျန်းမာရေး ကွင်းဆင်း ဆေးကုသခြင်း ဆောင်ရွက်ခဲ့ပြီး အဆိုပါကွင်းဆင်းဆေးကုသမှုတွင် လူနာ ကျား -ကလေး (၅၆)ဦး၊ လူကြီး-မ (၄) ဦး၊ ကလေး-မ (၆၈)ဦး စုစုပေါင်း လူနာ ၁၂၈ ဦး ကုသမှုပေးခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။