နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီးသို့ ၈-၇-၂၀၂၄ ရက်နေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊ ရာဇဌာနီလမ်း၊ အောင်သိဒ္ဓိကျောင်းတိုက် ဦးဇင်းကြီးဥူးဇာနေယျမှ မူရင်းဆေးကျမ်း တစ်အုပ်ဖြစ်သော ရှူတော်မူဆေးအဘိဓာန် (လက်တွေ့ကုထုံးဆေးကျမ်း) နှင့် ၁၉၃၂ ခုနှစ်တွင် ရေးသားပြုစုခဲ့သည့် (ဆေးမီးတိုကျမ်း)ပထမတွဲ စာအုပ်တို့ကိုလာရောက် လှူဒါန်းကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။