ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ခင်မိုးဝေသည် ပြည်သူ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၅-၇-၂၀၂၄) ရက်နေ့တွင် မြန်အောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ (အ.မ.က)ရွှေကျောင်းသို့ ကျောင်းကျန်းမာရေး ကွင်းဆင်းဆေးကုသခြင်းနှင့် အသိပညာပေးဟောပြောခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာတွင် ကျား ကလေး (၄၇) ဦး၊ မ ကလေး (၄၁) ဦး၊ စုစုပေါင်း(၈၀) ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။