ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်နှင့် ဆရာမ အဖွဲ့ဝင် (၇) ဦးတို့သည် (၆-၇-၂၀၂၄) ရက်၊ စနေနေ့တွင် ပုသိမ်မြို့၊ ပန်းတင်ကုန်း၊ အမှတ်(၅)ရပ်ကွက်ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရုံးသို့ ကွင်းဆင်းဆေးကုသပေးခဲ့ရာ ကျား (၂၁)ဦး၊ မ(၆၅)ဦး၊ စုစုပေါင်း(၈၆)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။