the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်း ဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တိုင်းရင်းဆေးကုဌာနမှ   (၈-၇-၂၀၂၄) ရက်နေ့တွင် အထွေထွေရောဂါများအတွက်လာရောက်၍ ဆေးကုသမှုခံယူလျှက် ရှိသော လူနာများအား သာကေတမြို့နယ်တွင်း ယခုရက်ပိုင်း ဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျှော ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေမှရောဂါဖြစ်ပွားစေသော နေထိုင်စားသောက်မှုပုံစံများ၊ ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွား​ခြင်းနှင့် ကူးစက်ပျံ့ပွားမှုမရှိစေရန် အတွက်လိုက်နာဆောင်ရွက်ရမည့် အချက်များ နှင့် တိုင်းရင်းဆေးပညာနည်းစနစ်ဖြင့် ဓာတ်ဆားရည် ဖျော်စပ်အသုံး​ပြုနည်းများအား လည်းကောင်း၊ ဖြစ်ပွားလာပါက နီးစပ်ရာဆေးရုံဆေးခန်းများသို့ အချိန်မ စောင့်ဆိုင်းပဲ ပြသရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောမျှဝေခြင်း၊ သံသယရှိလာလျှင်သောက် သုံးရန်ဆေးဝါးများပေးခြင်းတို့ကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း