ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၈-၇-၂၀၂၄) ရက်နေ့တွင် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေ လာရောက်၍ ဆေးကုသမှုခံယူသော လူနာများအား “ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောင်ရန်၊ရှောင်ရန်” များကို ဟောပြောပြီး၊ ဒုတိယတိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်မှ “ဝမ်းပျက်ဝမ်းလျှောရောဂါ၌ သုံစွဲနိုင်သောဌာနသုံးတိုင်းရင်းဆေးဝါးများ” အကြောင်း ဟောပြော ပြီး၊ “အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ အဖျားရောဂါများအတွက် ဝိသမ အဖျားပျောက်ဆေး” အကြောင်းဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပြင်းထန်ရောဂါ လက္ခဏာများဖြစ်ပွားလာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်၍ ကုသမှုခံယူရန် အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။