ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန် မှုဖြင့် အနောက်ပိုင်းခရိုင်မှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင် ဦးဆောင်ပြီး၊ အရှေ့ပိုင်းခရိုင်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နန်းယဉ်မိုးလတ်နှင့် ပုဇွန်တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မာ၀င့် တို့ပါ၀င်သော အဖွဲ့သည် (၆-၇-၂၀၂၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေ၊ ဆဌသံဂါယနာမဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ သတ္တရသမ အစည်းအဝေး ( ဒုတိယနေ့) တွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ရာ ကျား (၁၁) ဦး၊ မ (၂၃) ဦး၊ လူနာစုစုပေါင်း (၃၄) ဦး အား တိုင်းရင်းဆေးပညာဖြင့်ဆေးကုသမှုပေးခဲ့ကြောင်းသိရသည်။