the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာတောင်ကြီး၊ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်း ဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာ၊​ တောင်ကြီး ခုတင်(၅၀) ဆံ့တိုင်းရင်း​ဆေးရုံမှ (၆-၇-၂၀၂၄) ရက်​နေ့တွင် ဒုတိယဆေးရုံအုပ်နှင့် ဆရာမ(၆) ဦး တို့သည်​အေးသာယာ အမှတ်(၁၀) ရပ်ကွက်ရှိ ဂန္ထဝိပသနာ သာသနလင်္ကာရ၊ရှမ်း​ကျောင်းတိုက်သို့ သွားရောက်ပြီး သံဃာ (၅၇) ပါး၊ ကျား (၃) ဦး၊ မ (၃) ဦး တို့အား တိုင်းရင်း​ဆေးဖြင့် ကျန်းမာ​ရေး​စောင့်​ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကွင်းဆင်း​ဆေးကုသမှုများပြုလုပ်​ပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း