the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာ ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေး မှူး ဒေါ်သင်းသင်းဦး ဦးဆောင်ပြီး အကြီးတန်းစာရေး ဒေါ်ခင်မေသက်တို့သည်     (၅-၇-၂၀၂၄) သောကြာနေ့ နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီ အထိ ကျောက်ပန်း တောင်းမြို့နယ်လေးရွာ အထက်တန်းကျောင်းတွင် “ချောင်းဆိုးရောဂါနှင့်တုတ်ကွေးရောဂါအကြောင်း” အသိပညာပေး ဟောပြောခဲ့ရာ  စုစုပေါင်း (၅၀၀) ဦး တက်ရောက် ခဲ့ပြီး ကျား (၃၅)ဦး၊ မ (၆၅) ဦး နှင့် ကလေး ကျား(၁)ဦး၊ ကလေး မ (၁) ဦး လူနာ စုစုပေါင်း(၁၀၂) ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း