ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် တိုင်းရင်းဆေးကုဌာနတွင် အထွေထွေရောဂါများအတွက် လာရောက်၍ ဆေးကုသမှုခံယူလျှက် ရှိသော လူနာများအား (၄-၇-၂၀၂၄) ရက်နေ့တွင် မိုးရာသီတွင်ဖြစ်ပွားတက်သော ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွား စေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေမှ ရောဂါဖြစ်ပွားစေသော နေထိုင်စားသောက်မှုပုံစံများ၊ ရောဂါလက္ခဏာများနှင့် မဖြစ်ပွား စေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဟောပြောမျှဝေခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ သံသယရှိလာလျှင် သောက်သုံးရန်ဆေးဝါးများပေးခြင်းနှင့် ဖြစ်ပွား လာပါက နီးစပ်ရာဆေးရုံဆေးခန်းများတွင် ကုသမှုခံယူရန်အတွက် မြန်မာ့တိုင်းရင်းဆေး အခန်း ကဏ္ဍမှ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။