တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုကို ခံယူ၍ ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၄-၇-၂၀၂၄) ရက်နေ့တွင် မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်အိမွန်ဦးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရွှေကျင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကျောင်းကျန်းမာရေး ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၈)ဦး၊မ (၇)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၁၅)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။