ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန် မှုဖြင့် အနောက်ပိုင်းခရိုင်နှင့်အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ (၃-၇-၂၀၂၄) ရက်နေ့တွင် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင် ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေး၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စိုးစိုးဦး တို့ ပါ၀င်သော အဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မဟာနာယကကျောင်းတော်ကြီးတွင် နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့ (၄၇) ပါးစုံညီ သတ္တရသမ အကြိုညှိနှိုင်း အစည်းအဝေး (တတိယနေ့) တွင် ကျန်းမာရေး စစ်ဆေးပေးခဲ့ရာ ကျား (၂၃) ဦး၊ မ (၁၂) ဦး၊ စုစုပေါင်း လူနာ (၃၅) ဦး အား တိုင်းရင်းဆေး ပညာဖြင့်ဆေးကုသမှုပေးခဲ့ကြောင်းသိရသည်။