ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၆-၆-၂၀၂၄ ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ အထက တော်ခရမ်းကြီးတွင် ကျောင်းသား/ကျောင်းသူဦးရေ ၂၀၀ ဦး အား မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများနှင့် ဝမ်းပျက် ဝမ်းလျော ဖြစ်လျင် ဆောင်ရန်ရှောင်ရန်များ အကြောင်းကို ဟောပြောပေးခဲ့ပြီး ကျောင်းသား ၈၀ ဦး ကျောင်းသူ ၇၀ ဦး စုစုပေါင်း ၁၅၀ ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု့ ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။