the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံရန်ကုန်မှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်စောင့်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံရန်ကုန်မှ (၂၁-၆-၂၀၂၄) ရက်နေ့ (သောကြာနေ့) တွင် ဒုတိယဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့် ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေသွေးကို၊ အလုပ်သင်ဆရာ ဦးလှိုင်မင်းဦးနှင့် အကြီးတန်းလက်နှိပ်စက် ဒေါ်နီနီအောင်တို့ ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ကျောက်ချောင်း ဘုန်းတော်ကြီး ပညာသင်ကျောင်း၌ နေ့လည် (၁၂)နာရီမှ ညနေ (၄) နာရီအထိ ကွင်းဆင်း ဆေးကုသပေးခဲ့ရာ ကျား  ၄၉ ဦး၊ မ  ၁၇ ဦး ၊ လူနာစုစုပေါင်း ၆၆ ဦး တို့ အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ပြီး၊ “မိုးရာသီတွင်ဖြစ်တတ်သောရောဂါငယ်များ အကြောင်း”သိကောင်းစရာခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ရာ လူဦးရေ ၁၁၅ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း