မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၂၁-၆-၂၀၂၄) ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်ကြည်ကြည်စိန် ဦးဆောင်၍ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းနွယ်နှင့်အဖွဲ့သည် အမက(၁၃)ကျောင်းရှိ၊ ဆရာမ(၇)ဦး နှင့် ကျောင်းသား၊ ကျောင်းသူ ၁၀၁ ဦး တို့ အား “တစ်ကိုယ်ရေးသန့်ရှင်းရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအကြောင်း” ပညာပေးဟောပြောခဲ့ပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။