ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင်ဦးဆောင်သောအဖွဲ့သည် ကျောက်တန်းမြို့နယ်ဇဗ္မူဥသျှောင် ဘွားရိပ်သာ၌ အဘွား ၄၀ ဦး အား “ဝမ်းဖောဝမ်းရောင်အကြောင်း” အသိပညာပေး ဟောပြောခဲ့ ပြီး လူကြီး (မ) ၃၃ ဦး တို့အား ဒူးနာ /ခါးနာ/ထုံကျဉ်/ ဝမ်းဖောဝမ်း ရောင်ရောဂါများအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။