the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်ခရိုင်အတွင်းရှိ တောင်ပိုင်းခရိုင်မှူးရုံး၊ ကျောက်တန်းမြို့နယ်၊ သန်လျှင်မြို့နယ်၊ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ တိုင်းရင်းဆေးကုဌာနရုံးများသို့ သွားရောက် ကြည့်ရှ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်  ပါမောက္ခဒေါက်တာ သိန်းဇော်လင်း၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးတင့်လွင်၊ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေတို့ လိုက်ပါသည့်အဖွဲ့သည် ယနေ့ (၁၉-၆-၂၀၂၄) ရက်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်ခရိုင်အတွင်းရှိ တောင်ပိုင်းခရိုင်မှူးရုံး၊ ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာန၊  သန်လျှင်မြို့နယ် တိုင်းရင်းဆေးကုဌာန၊ လှိုင်သာယာမြို့နယ် တိုင်းရင်းဆေးကုဌာနများသို့ လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် တွံတေး မြို့နယ် တိုင်းရင်းဆေးကုဌာန များသို့  သွားရောက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေးကာ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ ပါသည်။

ထိုနောက် တိုင်းရင်းဆေးကုဌာနများ၏ ဆေးကုသမှုမှတ်တမ်းများ၊ ဆေးဝါးများ ထားသိုမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ/ဆရာမများ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ