the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ မှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ၇-၆-၂၀၂၄ ရက်နေ့မှ ၁၁-၆-၂၀၂၄ ရက်နေ့အထိကျင်းပသော တိုင်းရင်းဆေးဖြင့်ကွင်းဆင်းကုသပေးခြင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ (၃၁) ကြိမ်မြောက် နိကာယ် ငါးရပ်ပါဠိတော် စာမေးပွဲတွင်လားရှိုးခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးးမှူး ဦးမင်းဇော်ဦးနှင့် လားရှိုးမြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှဆေးရုံအုပ် ဦးအိုက်(ခ)စံလှတို့ ဦးဆောင်၍ ဒုတိုင်းရင်းဆေးမှူးများ ပါဝင်သောတိုင်းရင်းဆေး ကွင်းဆင်းကုသရေးအဖွဲ့မှ စာမေးပွဲ ဖြေဆိုသော ဆရာတော်၊သံဃာတော်များ နှင့်သီလရှင်ဆရာကြီး ဆရာလေးများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါသည်။ ကျား(၂၃)ဦး၊မ(၂၅)ဦး စုစုပေါင်း (၄၈)ဦး၏ သွေးတိုး၊ရင်ကြပ်၊အစာမကြေ၊အကြောတက်ကိုက်ခဲ၊ ဒူးနာခါးနာ၊ ဆီးအောင့်နှင့် မီးယပ်အဖြူဆင်းရောဂါ တို့ကိုတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း