ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲနွယ်ကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၈-၆-၂၀၂၄) ရက်နေ့တွင် ကျောက်တံခါးမြို့နယ်အုပ်ချုပ်ရေးမှုး၏ တာဝန်ပေးမှုဖြင့် ဒိုက်ဦးမြို့နယ် (၄၄၀)တပ်မအတွင်းရှိ ကျောက်တံခါးမြိုနယ်၊ ပဲနွယ်ကုန်းမြို့၊ ပြည်တော်သာရပ်ကွက်မှ လက်ဒဏ်နာလူနာ မောင်မျိုးကို အပါအဝင် ပြည်သူ့စစ်မှုထမ်းလူငယ် (၃)ဦးအား အကြောပြင်ဆေးစည်းခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။