တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကော့သောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ(၆.၆.၂၀၂၄)ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဆရာဦးမောင်မောင်မြင့်ဦးသည် ကော့သောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် မိုးရာသီတွင်ဖြစ်ပွါးတတ်သောရောဂါများအကြောင်း သိကောင်းစရာအသိပညာပေး (TALK SHOW) အစီအစဉ်အား ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။