the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့သင်ကြားရေးတိုင်းရင်းဆေးရုံကြီး၌ House Surgeon TrainningClendar အစီအစဉ်အရ “Low Back Pain” ခေါင်းစဉ်ဖြင့် Clinical Meeting ဆေးလက်တွေ့ဆွေးနွေးခြင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့သင်ကြားရေးတိုင်းရင်းဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ်၊  မေလ(၂၄)ရက်၊ နေ့လယ် (၂:၀၀)နာရီတွင် House Surgeon Training Calendar အစီအစဉ်အရ “Low Back Pain” ခေါင်းစဉ်ဖြင့် Clinical Meeting ဆေးလက်တွေ့ဆွေးနွေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ သဘာပတိအဖြစ် ခုတင်(၁၀၀)ဆံ့သင်ကြားရေးတိုင်းရင်းဆေးရုံကြီးမှ ဒေါ်မူမူချို (ဆေးရုံအုပ်ကြီး)က ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့သင်ကြားရေး တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ အလုပ်သင်ဆရာမ မဖြိုးအိန္ဒြေစံ နှင့် မနန်းအိန္ဒြာအောင်တို့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့သင်ကြားရေးတိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တွင် တာဝန်ကျအလုပ်သင် ဆရာ/ဆရာမများ၏ အုပ်စုခွဲအလိုက် House Surgeon Training Calendar အစီအစဉ်အရ ဆောင်ရွက်သည့် ဆေးလက်တွေ့ဆွေးနွေးခြင်း Clinical Meeting ကို မီးယပ်နှင့် ကလေးသူငယ်နာရောဂါကုဌာနတွင် တာဝန်ကျ Group–5 မှ သင်-၁၅ မောင်မိုးဟိန်းနိုင်သည် “Low Back Pain” ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ပြီး ကျန်အလုပ်သင်ဆရာ/ဆရာမများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ ဌာနတာဝန်ခံ ဆရာကြီးများနှင့် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများမှ ဖြည့်စွက်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကာ အခမ်းအနားတက်ရောက်သူ စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို ညနေ(၄:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ