the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ “သွေးတိုး ရောဂါအကြောင်း” ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၄-၅-၂၀၂၄)ရက်နေ့ (သောကြာနေ့)နေ့လည် ၂:၃၀အချိန်တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုး ဦးဆောင်သော အဖွဲ့သည် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ဆက်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဗိုလ်တထောင်မြို့နယ်၊ ၆၄လမ်း၊ အမှတ်(၃)ရပ်ကွက် စာကြည့်တိုက်တွင် ကျား ၁၅ ဦး၊ မ ၂၀ ဦး စုစုပေါင်း ၃၅ ဦးအား “သွေးတိုးရောဂါအကြောင်း” ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး ကျား ၁၃ ဦး၊ မ  ၂၀ ဦး စုစုပေါင်း ၃၃ ဦးအား အခမဲ့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း