ကျန်းမာရေးဝန်ကြီးဌာန လှည်းကူးမြို့နယ်၊ မြို့နယ်ကုသရေး ပြည်သူ့ဆေးရုံမှ ၂၃-၅-၂၀၂၄ ရက် နေ့လည်(၁)နာရီမှ (၃)နာရီအထိ ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့၊ မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ အငြိမ်းစား ဝန်ထမ်းများ အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ ကျား(၁၄)ဦး၊ မ(၁၆)ဦး၊ စုစုပေါင်း(၃၀)ဦးအား ဆေးကုသပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။