ဧရာဝတီတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော တိုင်းရင်း ဆေးပညာပေးရေးအစီအစဉ်(CTME)အခမ်းအနားကို (၂၃-၅-၂၀၂၄)ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ပုသိမ်မြို့၌ ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဥက္ကဌ ဆရာကြီးဦးစိုးဝင်းက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပုသိမ်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပပဝင်း မှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အစာမကြေရောဂါစာတမ်းကို ဟင်္သာတခရိုင်မှ တင်သွင်းပြီး ဟင်္သာတ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးကျော်စိုးလင်းမှ ဖတ်ကြား၍ ဧရာဝတီတိုင်းဒေသကြီးတိုင်းရင်းဆေးအသင်းဝင်များ ခရိုင်/မြို့နယ်/ဆေးရုံများမှ ဆရာ/ဆရာမ များစုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရပြီး တက်ရောက်လာသော ဆရာ/ ဆရာမများမှ စာတမ်းနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးအကြံပြုခဲ့ကြပြီးနောက် နံနက်(၁၁:၃၀) နာရီ အချိန်တွင် အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။