the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေး စောင့်ရှော်ကမှုပေးခြင်း

မကွေတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၁၉-၅-၂၀၂၄)ရက်နေ့တွင် ဒေါ်အေးအေး ဦးဆောင်သောအဖွဲ့သည် ပခုက္ကူမြို့၊အမှတ် (၁၄) ရပ်ကွက်၊ စနစ်သစ်ပုထိုးတိုက်ကျောင်းရှိ အပူရှောင်စခန်း၌ ကွင်းဆင်းဆေးကုသမှုဆက်လက်ဆောင်ရွက်ခဲ့ရာ ကျား(၃)ဦး၊ မ(၂၀)ဦး၊ စုစုပေါင်းလူနာ(၂၃)ဦးနှင့် (၂၀-၅-၂၀၂၄) ရက်နေ့တွင် ကျား(၂)ဦး၊မ(၁၃)ဦး၊ စုစုပေါင်းလူနာ(၁၅)ဦးတို့အား ဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း