ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှုး၏ လမ်းညွှန်မှုဖြင့် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ဖြူးမြို့မှ ၁၆-၅-၂၀၂၄ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူးများဖြစ်ကြသော ဒေါ်ဇင်မင်းထွန်း၊ ဒေါ်တင်နွယ်ဝင်းတို့သည် ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ဝင်းဝင်းအေးနှင့်ပူးပေါင်း၍ ဝဲဒေါင့်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ကျား ၂၀ ဦး၊ မ ၄၈ ဦး စုစုပေါင်း၆၈ ဦး အား ကွင်းဆင်းကုသမှု ဆောင်ရွက်ပေးခဲ့ပြီး နွေဥတုတွင် ကျန်းမာစွာနေထိုင်နိုင်ရန် ဖြစ်တတ်သော ရောဂါများ နှင့် ဆောင်ရန်ရှောင်ရန်များကို ကျန်းမာရေးအသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။