ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၆-၅-၂၀၂၄) ရက်နေ့တွင် ပင်လုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျားလူကြီး(၈)ဦး၊ ကျားလေး(၁)ဦး၊မကြီး(၁၈)ဦး၊မလေး (၂)ဦး၊လူနာစုစုပေါင်း(၂၉)ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး အပူလွန်ကဲခြင်းကြောင့်နောက်ဆက်တွဲဖြစ်ပေါ်တတ်သော အခြေအနေများအကြောင်း ကို လူဦးရေ(၂၀)ဦးအား ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။