မကွေတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒေါ်အေးအေး ဦးဆောင်သောအဖွဲ့သည် (၁၄-၅-၂၀၂၄) ရက်နေ့တွင် ပခုက္ကူမြို့၊ အမှတ် (၁၄) ရပ်ကွက်၊စနစ်သစ်ပုထိုးတိုက်ကျောင်းရှိ အပူရှောင်စခန်း၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၁၅)ဦး၊ မ(၅၂)ဦး၊ စုစုပေါင်းလူနာ(၆၇)ဦးအား ဆေးကုသမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။