ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှုး၏ လမ်းညွှန်မှုဖြင့် ၁၄-၅-၂၀၂၄ ရက်နေ့တွင် ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုးဒေါ်ခင်သိန်းဌေးဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှုးဦးငြိမ်းမောင်မောင် ဦးဆောင်သောအဖွဲသည် ညောင်လေးပင်မြို့ စံဖဲ စံပြ ကျေးရွာရှိ ကံကလေး ဘုန်းတော်ကြီးကျောင်းသို့ ကျား (၂၁)ဦး၊ မ (၅)ဦး စုစုပေါင်း (၂၆)ဦး အား ကွင်းဆင်းကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။