ဧရာဝတီတိုင်းဒေသကြီး (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မှ (၁၁-၅-၂၀၂၄) ရက်၊ စနေနေ့တွင် ဆေးရုံအုပ်နှင့် ဆရာမ အဖွဲ့ဝင် (၅) ဦးတို့သည် ပုသိမ်မြို့နယ်၊ ဝါးယားကျောင်းကျေးရွာ၊ တပ်ဦး ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသပေးခဲ့ရာ ကျား(၁၄)ဦး၊ မ (၃၂)ဦး၊ စုစုပေါင်း (၄၆)ဦးတို့ အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။